
အားလုံးမင်္ဂလာပါ
သားလေ့လာဖူးသမျှဖတ်ဖူးမှတ်ဖူးသမျှ
(Otg System)ရဲ့အသုံးဝင်ပုံလေးကိုမသေးသူများသိစေဖို့
လိုအပ်တာများ အမှားများကို ချပြပေးနိုင်ပါတယ်Otg
ရဲ့အပြည့်အစုံကတော့ သိထားသလောက်
(On The Go) ပါအခုနောက်ပိုင်းဖုန်းတိုင်းလိုလိုမှာတော့ (Otg System)
ပါပါတယ် Oppo တွေမှာ (Otg System)ပါနေပေမယ့်
Setting မှာသွားဖွင့်ပေးရပါတယ် Samsung ဖုန်းတွေမှာ
တော့ ဖွင့်ပေးစရာမလိုပါဘူး ချိတ်ဆက်ပြီးအသုံးပြုနိုင်မှာပါ
ကိုယ့်ဖုန်းမှာ(Otg System) ပါ/မပါ
ကိုစစ်ဖို့အတွက်အောက်မှာသား Link ပေးထားပါမယ် Downloadလုပ်ပြီး
စစ်ကြည့်ကြပါအခုက(Otg System)ပါတဲ့ဖုန်းတွေအတွက်ပါ
YouTube ကနေ ရှာကြည့်ထားတာရယ် Google
ကနေရှာဖွေထားတာရယ်ပြန်တင်ပေးတာပါ
~External USB Otg နဲ့ တစ်ချို့က Firmware တွေလည်းရေးကြပါတယ်
~SD Card ထည့်တဲ့နေရာ မကောင်းတော့တာပဲဖြစ်ဖြစ်ဖုန်းထဲမှာ Application တွေ
တစ်ခြား အရေးကြီးတဲ့ Dataတွေကို ဖုန်းထဲမှာမထားချင်တဲ့အခါ External Memory
အဖြစ် တစ်ခြား Memory တစ်ခုကို Card Reader အပြင်
USB Card တို့နဲ့ Data တွေကိုသိမ်းဆည်းနိုင်မှာပါ
~(Otg System)ပါတဲ့ဖုန်းကနေ တစ်ခြား ဖုန်း/တစ်ခြား
အားသွင်းနိုင်မယ့်ပစ္စည်းတွေကိုလည်း အားသွင်းပေးနိုင်မှာပါ
~(Otg System) ဖုန်းနဲ့ တစ်ခြားဖုန်းတစ်လုံးကို USB ကြိုးနဲ့ချိတ်ဆက်
(Computer နဲ့ချိတ်သလိုမျိုးပါ)
ပြီးData တွေ အပြန်အလှန် Copy /Move လုပ်နိုင်မှာပါ
~Mouse နဲ့ချိတ်ဆက်အသုံးပြုနိုင်ပါတယ်
~Keyboard နဲ့ချိတ်ဆက်အသုံးပြုနိုင်ပါတယ်
အရေးကြီးတာတစ်ခုက ချိတ်ဆက်အသုံးပြုမယ့်ပစ္စည်းနဲ့အတူ
Application တစ်ခုက အမြဲရှိနေတတ်ပါတယ်Mouse ကတော့ တိုက်ရိုက်
အသုံးပြုနိုင်ပြီး
Keyboard နဲ့ကျတော့ Application လိုပါပြီအဲ့ဒီ
Application ကို သိဖို့ကအဓိကပါပဲ Play Store
မှာအမြဲတမ်းရှိတတ်ပါတယ် သားအသုံးပြုဖူးတာကတော့
Keyboard/Mouse/External Memory ပါပဲ
Keyboard နဲ့တွဲဖို့ကတော့ သားမှာ Application ရှိပါတယ်
ကျန်တာတွေတော့ မသုံးဖူးသေးတော့မရှိသေးပါဘူး
~Game တွေဆော့လို့ Screen တွေ သက်စာစေဖို့အတွက်
Game Remote တွေနဲ့အတူ ချိတ်ဆက်ပြီးအသုံးပြုနိုင်မှာပါ
~Digital Camera/ Bluetooth Cctv Cameraတွေနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်
~အင်တာနာ အသေစားနဲ့အတူ TV လည်းကြည့်နိုင်မှာပါ
~Usb ခေါင်းနဲ့အတူ Otg ကြိုးကိုထိုးပြီး လေပန်ကာ/မီးသီးမော်တာ
တို့ကိုလည်း သုံးနိုင်ပါတယ်
~Printer နဲ့ချိတ်ဆက်ပြီးတော့လည်း အသုံးပြုနိုင်မှာပါဖိတ်စာတွေဘာတွေပေါ့
~Projector အသေစား နဲ့ချိတ်ဆက်ပြီးတော့ရုပ်ရှင် ကြည့်သလိုလည်းကြည့်နိုင်ပါတယ်
~CD စက်နှင့်အတူ CD/DVD စတဲ့အခွေတွေထိုးပြီးဖုန်းနဲ့တင်
တိုက်ရိုက် ကြည့်ရှူ နိုင်ပါတယ်
~ လိုအပ်တဲ့စက်နဲ့အတူဖုန်းထဲကဓါတ်ပုံတွေလည်း တိုက်ရိုက်ထုတ်ယူနိုင်မှာပါ
ဒါကသားသိသလောက်ပဲရှိသေးတာပါ YouTube မှာဝင်
မွှေကြည့်ပါ အသေးစိတ်နဲ့ ထူးခြားမှုတွေတွေ့ရပါမယ်
အောက်မှာ ပုံလေးတွေလည်း ရှာပေးထားပါတယ်
ဒွန်မှူးအောင် လိန်ပင်သားလေး





0 comments:
Post a Comment