Monday, July 17, 2017

Keyboard ပေါ်က Function Keys 12 လုံး၏ လုပ်ဆောင်ချက်များ







✅F1 – ဖွင့်ထားတဲ့ Application မှာ မသိတာရှိရင် အကူအညီတောင်းလို့ရပါတယ်။ (Help Screen ပေါ်လာပါလိမ့်မယ်)

✅F2 – ဖိုင်တခုကို ရွေးပြီး F2 နှိပ်လိုက်ရင် ဖိုင်နာမည်ကို အလွယ်တကူပြောင်းလို့ရပါမယ်။

✅F3 – ဖွင့်ထားတဲ့ Application မှာ စာသား (text) တခုခုရှာဖို့ အတွက် အသုံးဝင်ပါတယ်။

✅F4 – လက်ရှိ ဖွင့်ထားတဲ့ Application ကို ပိတ်ပေးပါလိမ့်မယ်။

✅F5 – ဖွင့်ထားတဲ့ ဖိုင် (သို့မဟုတ်) ပေ့ခ်ျ ကို refresh/reload လုပ်ပေးပါတယ်။

✅F6 – Browser တွေ သုံးတဲ့အခါ cursor ကို address bar ဆီ တန်းရောက်သွားစေတဲ့ အစွမ်းထက် key လေးပါ။

✅F7 – Microsoft Word လို စာရိုက်တဲ့ software တွေမှာ စာလုံးပေါင်း၊ သဒ္ဒါတွေကို စစ်ပေးပါတယ်။

✅F8 – ကွန်ပျူတာကို စဖွင့်တဲ့အခါမှာ Boot Menu ကို သွားချင်ရင် F8 ကို နှိပ်ပေးပါ။

✅F9 – Microsoft Word မှာ ဆိုရင်တော့ document ကို refresh လုပ်ပေးပါတယ်။ Outlook နဲ့ အီးမေးလ်သုံးရင်တော့ Send/Receive အတွက် နှိပ်လို့ရပါတယ်။

✅F10 – ဖွင့်ထားတဲ့ Application ရဲ့ ရွေးချယ်စရာ Menu ရှိတဲ့နေရာကို ချိန်ပေးပါလိမ့်မယ်။ Shift + F10 ဆိုရင်တော့ right click နဲ့ တူတူပါပဲ။

✅F11 – Browser တွေမှာ Full Screen အဖွင့်အပိတ်လုပ်လို့ရပါတယ်။

✅F12 – Microsoft Word မှာဆိုရင် ဒါလေးကိုနှိပ်တဲ့အခါ Save As ဆိုပြီး တခါထဲပေါ်လာပါလိမ့်မယ်။

သင်ဆရာ မြင်ဆရာများအား Credit ပါ။

Dohn Hmooe Aung(Cyclone It)


0 comments:

Post a Comment